TMH Telecom Public Co. Ltd. ၏ IPO Roadshow Seminar

ရန်ကုန်စတော့အိတ်ချိန်းတွင် ပဉ္စမမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်လာမည့် TMH Telecom Public Co. Ltd ၏Initial Public Offering (IPO) ကနဦးအစုရှယ်ယာများကမ်းလှမ်းခြင်းဆိုင်ရာကုမ္ပဏီမိတ်ဆက်ပွဲ နှင့် ကနဦးအစု ရှယ်ယာများရောင်းချခြင်းကိုအောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် မန္တလေးမြို့ နှင့် အနီးတ၀ိုက်ရှိ လူကြီးမင်းများအား ကြွရောက်ပေးပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

 ကျင်းပမည့်နေ့ရက်     ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက် (ဗုဒ္ဓဟူး)
 ကျင်းပမည့်အချိန်   နံနက် ၉း၀၀ – ၁၂း၀၀
 ကျင်းပမည့်နေရာ   Hotel Mandalay

အမှတ်(၆၅၂)၊ ၇၈လမ်း နှင့် ၃၈လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊   မန္တလေး။

 ဆက်သွယ်ရန်ဖုန်း  ၀၉-၄၄၄၄၃၈၇၀၇၊ ၀၉-၇၉၃၁၀၉၀၉၄၊ ၀၉-၉၅၄၃၈၁၉၉၄၊   ၀၉-၇၉၅၈၁၉၈၉၅၊၀၉-၇၉၉၅၇၅၄၁၅
 ဆက်သွယ်ရန်အီးမေးလ်  [email protected]
 အွန်လိုင်းမှတဆင့်စာရင်းသွင်းရန်  https://goo.gl/forms/XyThXqfaxhrH7dHu1

 

ဆွေးနွေးပွဲတွင် သင်ရရှိမည့် အခွင့်အရေး

  • ရန်ကုန်စတော့အိတ်ချိန်းမှတဆင့် စတော့ရှယ်ယာရင်းနှီးမြှုပ်နှံမှုတွင်ပါဝင်နိုင်ရန်အတွက် ငွေချေးသက်သေခံလက်မှတ်စာရင်း Securities Account ဖွင့်လှစ်ခြင်းအား One Stop Service ဆောင်ရွက်ပေးခြင်း။
  • အကျွေးအမွေး ဖြင့် တည်ခင်းဧည့်ခံခြင်း။
  • လက်ဆောင်များပေးအပ်ခြင်း။

 

TMH Telecom Public CompanyLimited ဆိုသည်မှာ

  • TMH Telecom Public Co. Ltd. (တီအမ်အိတ်ခ်ျဆက်သွယ်ရေးအများပိုင်ကုမ္ပဏီလီမိတက်) သည် Installation & Maintenance of Telecom Services၊ ISP (Internet Service Provider)၊ Manufacture of Prepaid Top Up Cards လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ ၂၀၀၇ခုနှစ်၊     သြဂုတ်လ(၂၁) ရက်တွင်(ကုမ္ပဏီမှတ်ပုံတင်အမှတ်-၃၆၈/၂၀၀၇-၂၀၀၈)ဖြင့် တည်ထောင်ထားသောကုမ္ပဏီဖြစ်ပါသည်။

 

  • TMH Telecom Public Co. Ltd. သည် နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော စီးပွားရေးမူဝါဒများ၊ စည်းမျဉ်းစည်းကမ်းလမ်းညွှန်ချက်များနှင့်အညီလူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များပေါ်ပေါက်နိုင်စေရန်အတွက်လည်းကောင်း၊ ဆက်သွယ်မှု ကွန်ယက် ပိုမိုကောင်းမွန်စေရန် ၂၀၁၆ ခုနှစ်၊ မေလ (၂၀) ရက်တွင် အများပိုင်ကုမ္ပဏီသို့ ပြောင်းလဲပြီးဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။

 

  • TMH Telecom Public Co. Ltd. သည် ဆက်သွယ်ရေးကဏ္ဍနှင့် ပက်သက်၍ ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံရှိသောကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ Operator များဖြစ်သော MPT, Telenor, Ooredoo နှင့် MyTelတို့နှင့် လည်းကောင်း၊ တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးကုမ္ပဏီများ ဖြစ်သော Huawei, ZTE, China Unicom တို့နှင့်လည်းကောင်းပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် အလားအလာကောင်းမွန်သောကုမ္ပဏီတစ်ခု ဖြစ်ပါသည်။

 

  • TMH Telecom Public Co. Ltd. သည် အများပြည်သူသို့ ကနဦးအစုရှယ်ယာများကမ်းလှမ်းရောင်းချနိုင်ရန် အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာ၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သို့အလားအလာညွှန်းတမ်းတင်ပြခဲ့ရာငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှအဆိုပါ အလားအလာညွှန်းတမ်းအတွက် ကနဦးအတည်ပြုချက်ရရှိပြီးကြောင်းအသိပေးအပ်ပါသည်။