TMH Telecom Public Co., Ltd. ၏ အစုရှယ်ယာများကမ်းလှမ်းခြင်းဆိုင်ရာ ကုမ္ပဏီမိတ်ဆက်ပွဲဖိတ်ကြားခြင်း

TMH Telecom Public Co., Ltd. (တီအမ်အိတ်ချ်ဆက်သွယ်ရေး အများပိုင်ကုမ္ပဏီလီမိတက်) သည် Installation & Maintenance of Telecom Services၊ ISP (Internet Service Provider)၊ Manufacture of Prepaid Top Up Cards လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့်အညီ ၂၀၀၇ခုနှစ်၊ သြဂုတ်လ (၂၁) ရက်တွင် ကုမ္ပဏီ မှတ်ပုံတင်အမှတ် – ၃၆၈/၂၀၀၇-၂၀၀၈ဖြင့် စတင်တည်ထောင်ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

TMH Telecom Public Co., Ltd. သည် နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော စီးပွားရေးမူဝါဒများ၊ စည်းမျဉ်း စည်းကမ်းလမ်းညွှန်ချက်များနှင့်အညီ လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ပြည်သူလူထု အတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ပေါက်နိုင်စေရန်အတွက်လည်းကောင်း၊ ဆက်သွယ်မှု ကွန်ယက် ပိုမိုကောင်းမွန်စေရန် ၂၀၁၆ ခုနှစ်၊ မေလ (၂၀) ရက်တွင် အများပိုင်ကုမ္ပဏီသို့ ပြောင်းလဲပြီး ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။

TMH Telecom Public Co., Ltd. သည် အများပြည်သူသို့ ကနဦး အစုရှယ်ယာများကမ်းလှမ်းရောင်းချနိုင်ရန် အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်သို့ အလားအလာညွှန်းတမ်းတင်ပြခဲ့ရာ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်မှ အဆိုပါ အလားအလာညွှန်းတမ်းအတွက် ကနဦး အတည်ပြုချက်ရရှိပြီးကြောင်း အသိပေး အပ်ပါသည်။

သို့ဖြစ်ပါ၍အဆိုပါအစုရှယ်ယာများ ကမ်းလှမ်းခြင်းဆိုင်ရာကုမ္ပဏီမိတ်ဆက်ပွဲကို အောက်ပါအစီအစဉ်အတိုင်း နှစ်ရက်ခွဲ၍ ကျင်းပပြု လုပ်မည်ဖြစ်ပါသဖြင့် လူကြီးမင်းများအားလပ်သောရက်ကို အောက်ဖော်ပြပါဖုန်းနံပါတ် သို့မဟုတ် အီးမေးလ် လိပ်စာ သို့မဟုတ် အွန်လိုင်းမှတဆင့် ကြိုတင်စာရင်းပေးသွင်း၍ ကြွရောက်ပေးပါရန်ဒါရိုက်တာအဖွဲ့မှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

 

ကျင်းပမည့်နေ့ရက် – ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက် (ဗုဒ္ဓဟူး) (သို့မဟုတ်) ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက် (ကြာသပတေး)

ကျင်းပမည့်အချိန် – နေ့လည် ၂း၀၀ – ၄း၀၀

ကျင်းပမည့်နေရာ – Yangon Stock Exchange (YSX)

အမှတ်-၂၄-၂၆၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန်ဖုန်း – ၀၁-၃၇၆၈၂၂၊ ၃၇၆၅၂၅~၃၀

ဆက်သွယ်ရန်အီးမေးလ် – [email protected]

အွန်လိုင်းမှတဆင့်စာရင်းသွင်းရန် – https://goo.gl/forms/sEIt9OEfYaT1HXxw2

ဒါရိုက်တာအဖွဲ့ –

TMH Telecom Public Co., Ltd.

No-54, Eastern Business Center, Level 4&5, Laydaungkan Road, Thingangyun Township, Yangon, Myanmar

Tel – (+95 9) 457688887 ,Fax – (+95 1) 573232

Email – [email protected] / Website – www.tmhtelecom.com