ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အုပ်ချုပ်မှုဒါရိုက်တာ ဦးသီဟလွင်တို့ Smart Parking နည်းစနစ်နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး

၂၀၁၈ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် TMH Telecom Public Company Limited မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသီဟလွင် ဦးဆောင်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးတွင် သွားရောက်တွေ့ဆုံခဲ့ပြီး Yangon Smart City Program နှင့်သက်ဆိုင်သော အကြောင်းအရာများ ကဏ္ဍတစ်ခုဖြစ်သော Smart Parking နည်းစနစ်နှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အသေးစိတ်တင်ပြဆွေးနွေးခဲ့ပါသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းသည် အောက်ဖော်ပြပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်မည်ဟု ရည်မှန်း ထားပါသည်။

(၁) နိုင်ငံတကာစံချိန်မှီသော မြို့ပြစီမံကိန်းလုပ်ငန်းကို အထောက်အကူပြုစေရန်

(၂) ရန်ကုန်မြို့တွင်းရှိ လူနေမှုစနစ်ကို ပိုမို အထောက်အပံ့ပေးနိုင်သော ယာဉ်ရပ်နားစနစ် ဖြစ်လာစေရန်