ရန်ကုန်စတော့အိတ်ချိန်းတွင် ပဉ္စမမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်လာမည့် TMH Telecom Public Co. Ltd ၏ ကနဦးအစုရှယ်ယာများရောင်းချမည့် အစီအစဉ်အား ကြေငြာခြင်း

TMH Telecom Public Co. Ltd ၏ သာမန်အစုရှယ်ယာ (Ordinary Shares) အသစ်များအား အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်း (Initial Public Offering)ပြုလုပ်ရန်အတွက် (Road Show)ကို ရန်ကုန်စတော့အိတ်ချိန်း(YSX)တွင် (၁၃.၁၂.၂၀၁၇) နှင့် (၁၄.၁၂.၂၀၁၇)ရက်နေ့များတွင် နေ့လည် (၁၄း၀၀)နာရီမှ (၁၆း၀၀) နာရီအထိ ပြုလုပ်ကျင်းပပြီးဖြစ်ပါသည်။

TMH Telecom Public Co. Ltd သည် မြန်မာ့အရင်းအနှီးဈေးကွက်မှတဆင့် ကနဦးအစုရှယ်ယာများ စတင်ရောင်းချမည့် ပထမဆုံးသော ကုမ္ပဏီဖြစ်ပါသည်။

အစုရှယ်ယာဝယ်ယူလိုသူများအနေဖြင့် Securities Account ဖွင့်လှစ်ထားသူများသာ ၀ယ်ယူရရှိနိုင်မည်ဖြစ်ရာ Securities Account မရှိသေးသူများ အနေဖြင့် MSEC ရုံးခန်းသို့ ဘဏ်စာအုပ်နှင့် မှတ်ပုံတင်ကဒ်ပြားယူဆောင်လာ ၍ ဦးစွာ Securities Account ဖွင့်လှစ်ရန်လိုအပ်ပါသည်။

Securities Account ဖွင့်လှစ်ပြီးပါက မိမိတို့ဝယ်ယူလိုသော အစုရှယ်ယာအရေအတွက်နှင့် ညီမျှသော ငွေပမာဏကို နီးစပ်ရာဘဏ်မှတဆင့် MSEC ၏ အောက်ပါဘဏ်စာရင်းများသို့ ပေးသွင်းပြီး TMH Telecom Public Co. Ltd ၏ အစုရှယ်ယာလျှောက်လွှာပုံစံများအားဖြည့်စွက်၍ အ၀ယ်အမှာလွှာများအား တင်သွင်းနိုင်မည်ဖြစ်ပါသည်။

KBZ – 219-125-21900118102 (Quick Pay)
CB – 0010100500017337
MCB – 167-07-14979
FPB – 201 015 M740

TMH Telecom Public Co. Ltd ၏ Company Profile အား အောက်ပါလင့်မှ တဆင့် Download ရယူနိုင်ပါသည်။
https://ysx-mm.com/…/up…/2017/12/cp_00005_en_01122017_01.pdf

TMH Telecom Public Co. Ltd ၏ Prospectus အား အောက်ပါလင့်မှ တဆင့် Download ရယူနိုင်ပါသည်။
https://ysx-mm.com/…/up…/2017/12/nl_00005_en_08122017_01.pdf

အစုရှယ်ယာလျှောက်လွှာပုံစံများအား MSEC ၏ Counter တွင်ထုတ်ယူနိုင်မည်ဖြစ်ပြီး အောက်ပါ Download Link မှ တဆင့်လည်းကူးယူရရှိနိုင်မည်ဖြစ်ပါသည်။

Myanmar Version
*******************
https://drive.google.com/…/1M2VCsxCWK1sCJ0VS0iL3s1UN2…/view…

အသေးစိတ်သိရှိလိုပါက အောက်ပါ လိပ်စာ၊ ဖုန်းနံပါတ်မှ တဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်

Myanmar Securities Exchange Centre Co., Ltd.
အမှတ်(၂၁-၂၅)၊ ဆူးလေဘုရားလမ်း၊ မြန်မာ့စီးပွားရေးဘဏ်တိုင်းရုံး( ပထမထပ်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်ရန်ဖုန်း နံပါတ် – ၀၁-၃၇၆၈၂၂၊ ၃၇၆၅၂၅~၃၀
Website – https://www.msecmyanmar.com/