ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် Sedona Hotel Yangon တို့မှ ပူးပေါင်းကျင်းပသည့် ရန်ပုံငွေရှာဖွေရေးပွဲတော်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် Sedona Hotel Yangon တို့မှ ပူးပေါင်းကျင်းပသည့် ရန်ပုံငွေရှာဖွေရေးပွဲတော်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၅) ရက် သောကြာနေ့ည (၆:၃၀) တွင် Sedona Hotel Grand Ballroom တွင် ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် TMH Telecom Public Company Limited မှ Platinum Partnership အဖြစ် ပူးပေါင်းပါဝင်ခဲ့ပြီး

တာမိုးညဲချမ်းသာကုမ္ပဏီများလက်အောက်ရှိ Tea Art Company Limited မှလည်း ကျပ်သိန်းတစ်ရာတန်ဖိုးရှိ တာမိုးညဲဒေသ ဘိန်းအစားထိုးစိုက်ပျိုးထားသည့် ဝူလုံလက်ဖက်ခြောက်များ လှူဒါန်းခဲ့ပါသည်။