TMH Telecom Public Company Limited ၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ဖိတ်ကြာလွှာ

TMH Telecom Public Company Limited ၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို အောက်ပါအစီအစဉ်များအတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အစုရှယ်ယာရှင်များမှ ကြွရောက်ချီးမြှင့်ပေးနိုင်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ်။

[ကျင်းပမည့် နေ့ရက်] –
၅.၈.၂၀၁၈ (တနင်္ဂနွေနေ့)

[အမည်စာရင်းပေးသွင်းရမည့် အချိန်] –
နေ့လည် (၁း၀၀) နာရီ

[အစည်းအဝေးကျင်းပမည့် အချိန်] –
နေ့လည် (၂း၀၀) နာရီမှ (၄း၀၀) နာရီ အထိ

[ကျင်းပမည့် နေရာ] –
Gandamar Grand Ballroom (Gandamar Wholesale)

***

ကျင်းပမည့် အစီအစဉ်များနှင့်ပတ်သက်ပြီး ဖြည့်သွင်းရန်လိုအပ်သော –

(၁) နှစ်ပတ်လည်အစည်းအဝေးတက်ရောက်ရန် ကိုယ်စားလှယ်လွှဲစာပုံစံ
(၂) ဒါရိုက်တာအဖြစ် ရွေးချယ်ခြင်း အဆိုပြုလွှာ
(၃) ဒါရိုက်တာအဖြစ် ရွေးချယ်ခံလိုသူ၏ ကိုယ်ရေးမှတ်တမ်းအကျဉ်းဖော်ပြချက်ပုံစံ

များအတွက် ယခုဖော်ပြပါ Link မှတဆင့် အသေးစိတ် လေ့လာဖတ်ရှုနိုင်ပါတယ်။
https://ysx-mm.com/wp-content/uploads/2018/07/dd_00005_20180713.pdf

* (၁) နှစ်ပတ်လည်အစည်းအဝေးတက်ရောက်ရန် ကိုယ်စားလှယ်လွှဲစာအတွက် လိုအပ်သောအချက်အလက်များအား ဖြည့်သွင်းပြီး TMH ရုံးချုပ်သို့ အစည်းအဝေးကျင်းပမည့် နေ့ရက်မတိုင်မှီ (၂.၈.၂၀၁၈) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရန်ဖြစ်ပါတယ်။

* (၂) ဒါရိုက်တာအဖြစ် ရွေးချယ်ခြင်း အဆိုပြုလွှာ အတွက် လိုအပ်သောအချက်အလက်များအား ဖြည့်သွင်းပြီး TMH ရုံးချုပ်သို့ (၃၀.၇.၂၀၁၈) ရက်နေ့ (တနင်္လာနေ့) ရုံးချိန်အတွင်း နောက်ဆုံးထား၍ ပေးပို့ရန်ဖြစ်ပါတယ်။

ဆက်သွယ်ရန် –
TMH Telecom Public Co., Ltd
အမှတ် (၅၄)၊ Eastern Business Center (၄-၅ လွှာ)
လေးထောင့်ကန်လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊
ရန်ကုန်မြို့။
ဖုန်း – 09 457 688 887