စတော့ရှယ်ယာဈေးကွက်နှင့် TMH Telecom Public Company မိတ်ဆက်ပွဲ အခမ်းအနား

ကျွန်တော်များ TMH Telecom Public Co., Ltd ၏ စတော့ရှယ်ဈေးကွက်နှင့် ကုမ္ပဏီမိတ်ဆက်ပွဲအခမ်းအနားကို လားရှိုးမြို့နှင့် မြစ်ကြီးနားမြို့များမှာ သီးခြားစီ ကျင်းပသွားမှာ ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားသို့ အောက်ပါအစီအစဉ်များအတိုင်း လူကြီးမင်းများအား ကြွရောက်ပါရန် ဒါရိုက်တာအဖွဲ့မှ လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ်။

အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံလိုသူ လူကြီးမင်းများအနေဖြင့် ငွေချေးသက်သေခံလက်မှတ် စာရင်းဖွင့်လှစ်ခြင်း (Securities Account) အား လွယ်ကူစွာပြုလုပ်နိုင်ရန်အတွက် မှတ်ပုံတင်နှင့် ဘဏ်စာအုပ် တို့ကိုပါ တစ်ပါတည်း ယူဆောင်ခဲ့ပါရန် အကြံပြုအပ်ပါတယ်။

လူဦးရေ ကန့်သတ်ထားပါသဖြင့် တက်ရောက်လိုသူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါတယ်။

{စတော့ရှယ်ယာအကြောင်းကို စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်နိုင်ပါတယ်။}

ဟောပြောမည့် အကြောင်းအရာများ –

  • စတော့ရှယ်ယာဈေးကွက် မိတ်ဆက်
  • TMH TELECOM PUBLIC COMPANY LIMITED အကြောင်း
  • ရန်ကုန်စတော့အိတ်ချိန်းမှ စာရင်းဝင်အများပိုင်ကုမ္ပဏီများ၏ စတော့ရှယ်ယာများ အရောင်း အဝယ်ပြုလုပ်ပုံများအား စတင်လေ့လာလိုသူများ ၊ ရင်းနှီးမြှုပ်နှံလိုသူများ အနေဖြင့် ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်ခြင်းနှင့် အွန်လိုင်းမှတဆင့် စတော့ရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ပုံအဆင့်ဆင့်

အခမ်းအနားကျင်းပမည့် အစီအစဉ်များ

လားရှိုးမြို့တွင် –

ကျင်းပမည့် နေ့ရက် – ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ (၁၇) ရက် (ဗုဒ္ဓဟူးနေ့)

ကျင်းပမည့် အချိန် – နံနက် ၉း၃၀ နာရီ မှ ၁၂း၀၀ နာရီ အထိ

ကျင်းပမည့် နေရာ – MANSU HOTEL ၊ သိန္ဒီလမ်းမ၊ လားရှိုးမြို့။

ဆက်သွယ်ရန် ဖုန်း – ၀၉ ၇၉၉ ၅၇၅ ၄၁၅ ၊ ၀၉ ၉၅၄ ၃၈၁ ၉၉၄ ၊ ၀၉ ၄၄၄ ၄၃၈ ၀၇

ဆက်သွယ်ရန် အီးမေးလ် [email protected]

 

 

မြစ်ကြီးနားမြို့တွင် –

ကျင်းပမည့် နေ့ရက် – ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ (၂၀) ရက် (စနေနေ့)

ကျင်းပမည့် အချိန် – နေ့လည် ၂း၀၀ နာရီ မှ ၅း၀၀ နာရီ အထိ

ကျင်းပမည့် နေရာ – City Park Royal Restaurant၊ အမှတ် – ၁၁၁၂ ၊

ခေမာသီရိလမ်း နှင့် ၂၅ လမ်းထောင့်၊ ခေမာသီရိရပ်ကွက်၊ မြစ်ကြီးနားမြို့။

ဆက်သွယ်ရန် ဖုန်း – ၀၉ ၇၉၉ ၅၇၅ ၄၁၅ ၊ ၀၉ ၉၅၄ ၃၈၁ ၉၉၄ ၊ ၀၉ ၄၄၄ ၄၃၈ ၀၇

ဆက်သွယ်ရန် အီးမေးလ် [email protected]